သူ့အကြောင်းကိုလူတွေကပြောကြတယ်..တစ်ခုမှအကောင်းမပါဘူး…..ကောင်မလေးတွေနဲ့ရှုပ်တဲ့သူ..ဘယ်အရာကိုမှအလေးအနက်မထားတဲ့သူ……ကိုယ့်ကိုလဲလှည့်စားနေတယ်တဲ့…အိုအားလုံးအဆိုးတွေကြီးပါပဲ…
ကိုယ်မယုံချင်ဘူး..ဒါပေမယ့်သူကိုမတွေ့ရတဲ့အချိန်တွေဆို သူ့အပြုံးလေးတွေသတိရတယ်..သူ့အသံလေးကိုသတိရတယ်…သူဘယ်မှာရှိနေနိုင်မလဲစဉ်းစားမိတယ်…အခုဆိုရင်ဘယ်ကောင်မလေးနဲ့အတူရှိနိုင်မလဲ…
သူများကိုယ့်ကိုသတိရပြီးပြန်လာမလားလို့စောင့်နေမိတယ်…..မိုးသာလင်းသွားတယ်..သူကတော့ပြန်မလာပါဘူး….သူ့ကိုကြင့်နာမယ့်နောက်တစ်ယောက်ဆီမှာပျော်နေမှာပဲလို့စဉ်းစားမိလာပြန်တယ်..သူပျော်တဲ့ဆီမှာနေပါစေလေ….ကိုယ်နဲ့မှမဆိုင်ပဲ..ဒါပေမယ့်နောက်တစ်နေ့ကိုယ်နဲ့တွေ့ရင် သူက ကိုယ့်ကိုသတိရတယ်လို့ပြောရင်ကျေနပ်နေမိပြန်တယ်…ဒါကြောင့်ခုလဲသူများ ကိုယ့်ကိုယ်သတိရရင်ကောင်းမှာပဲလို့…ဟုတ်တယ်..သူကိုယ့်ကိုသတိရနေတယ်ဆိုရင်ပြီးတာပဲ…
(လူတွေကသိပ်ပြောတဲ့ ကြင်နာသူသူ့အကြောင်းလေး… အိုအဆိုးတွေ အဆိုးတွေအများကြီး..ကိုယ်နားထုံသွားအောင်ကိုယ်ကြားပြီး..
ဘယ်ခါကိုယ်မမေ့သေးတဲ့..ကြင်နာသူသူ့အပြုံးလေး..အိုအပြုံးတွေဒီအပြုံးတွေသတိရ…ဆင်ချင်ဖို့ဆိုတာဝေးလွန်းတဲ့ကိုယ့်နှလုံးသား..
ဘယ်နေရာမှာရှိလိမ့်မလဲ..ကိုယ်ကိုယ်တိုင်လဲမသိတယ်..ဒီတစ်နေ့လုံးဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း… ဘယ်သူနဲ့မင်းရှိမလဲ .. ဘယ်ရင်ခွင် မှာအိပ်စက်မလဲ..ကိုယ်မသိဘူး..မဆိုင်ပါဘူး..မင်းလေးကိုယ့်ကိုသတိရပြီးတာပဲ

သူပြန်လာမလားလို့…ကိုယ်အိမ်ရှေ့တံခါးလေး..ကိုယ်အမြဲဖွင့်ထားတယ်လာခဲ့ပေါ့..ကိုယ့်အကြောင်းတွေသတိရရင်လာခဲ့ပေါ့..
ဘယ်နေရာမှာရှိလိမ့်မလဲ..ကိုယ်ကိုယ်တိုင်လဲမသိတယ်..ဒီတစ်နေ့လုံးဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း… ဘယ်သူနဲ့မင်းရှိမလဲ .. ဘယ်ရင်ခွင် မှာအိပ်စက်မလဲ..ကိုယ်မသိဘူး..မဆိုင်ပါဘူး..မင်းလေးကိုယ့်ကိုသတိရပြီးတာပဲ
ဘယ်နေရာမှာရှိလိမ့်မလဲ..ကိုယ်ကိုယ်တိုင်လဲမသိတယ်..ဒီတစ်နေ့လုံးဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း… ဘယ်သူနဲ့မင်းရှိမလဲ .. ဘယ်ရင်ခွင် မှာအိပ်စက်မလဲ..ကိုယ်မသိဘူး..မဆိုင်ပါဘူး..မင်းလေးကိုယ့်ကိုသတိရပြီးတာပဲ
ဘယ်နေရာမှာမင်းရှိမလဲ…ဘယ်ရင်ခွင်မှာအိပ်စက်မလဲ..ကိုယ်မသိချင်ဘူး.. မဆိုင်ပါဘူး..မင်းလေးကိုယ့်ကိုသတိရဲပြီးတာပဲ…) သတိရပြီးတာပဲ(မျိုးကျော့မြိုင်+ကဗျာဘွဲ့မှူး)
No comments:
Post a Comment