Monday, July 23, 2007

Afraid


ကြောက်စိတ်

သေတစ်နေ့မွေးတစ်နေ့ဆိုပေမယ့်
သေရမှာကိုမတွေးရဲခဲ့ဘူး
သံသရာအတွက်အဆင်သင့်မဖြစ်သေးလို့
သေရမှာကိုကြောက်တယ်။

လှုပ်ရှားမိတဲ့နှလုံးသားအတွက်
နောင်တမရမိပေမယ့်
လမ်းခွဲခြင်း နှုတ်ဆက်ခြင်းကို
ယောင်လို့တောင်မတွေးရဲခဲ့
အသဲကွဲတဲ့ဒဏ်မခံစားရဲလို့
ချစ်သူနဲ့လွဲရမှာကြောက်တယ်။
(သက်ကလေး)

No comments: