
ကြုံရဆုံရလူ့ဘဝ
အဆင်မပြေမှု
လူမှုရေးရာ
ပူမှုအဖြာဖြာ
ဘလောင်ဆူနေတဲ့ကိုယ့်ရင်မှာ
ဆူညံစွာပေါက်ကွဲ
ခံစားချက်တွေပြင်းထန်လွန်းတော့
ကိုယ့်အတွက်ဝေမျှခံစားပေးနိုင်မဲ့နားတစ်စုံကို
မျှော်လင့်ချက်ရောင်စုံနဲ့လိုက်ရှာခဲ့
ဒါပေမယ့်
ကံခေတဲ့ကိုယ့်ဘဝ
အဆင်သင့်ဖြစ်နေမယ့်နားတစ်စုံကို
ခုထိရှာလို့မတွေ့ပါလားကွယ်..
(သက်ကလေး)
No comments:
Post a Comment