Wednesday, June 20, 2007

Home

မင့်အိမ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကမင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည
နေထိကြွေမည့်၊ ပန်းယဉ်အိ။
လှိုင်းအိအယောင်
ဆောင်ပြိုင်သာမော ၊ သူ့အိမ်ချောသို့
စကြ်ာသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ်ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးကမျှော်မှန်း၊ မင်းယောင်ယမ်းသည်
ပန်းအိနေထိ ကြွေတော့မည့်။
မကောင်းမင့်အိမ်၊ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာအခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း၊ သစ်စေမင်း။
(ဇော်ဂျီ)

No comments: