တိတ်ဆိတ်အေးချမ်းတဲ့ရပ်ကွက်ကလေး ၊ တောင်ကုန်းကလေးတစ်ခုပေါ်မှာ အင်ဖက်မိုး ၀ါးထရံကာထားတဲ့ သပ်ရပ်လှပတဲ့အိမ်ကလေး ။
အဲဒီအိမ်လေးရှေ့မှာ ကြီးမားတဲ့ပိုက်ဆံအိတ်ကြီးကိုပိုက်ပြီး လိုချင်တာလက်ညှိုးထိုးဝယ်နေတဲ့ စတိုင်အပြည့်နဲ့ ကောင်မလေးတစ်ယေက်၊ ဈေးသယ်ကောင်မလေးက ဈေးမဆစ်ပါနဲ့အမကြီးရယ် ဒါအရင်းအတိုင်းပါပဲတဲ့၊ အနားမှာတော့ တစ်ယောက်တစ်ကျပ်နဲ့ဘုရားစုံပို့ပေးမယ် ဆိုတဲ့ စပယ်ယါ အသံကဆူဆူညံညံ၊ အမြန်လာထားလူပြည့်တော့မယ်တဲ့။ ပိုက်ဆံအိတ်ကြီးနဲ့ သူဌေးစတိုင်ကောင်မလေးက ဈေးသယ်ကို မြန်မြန်ထည့် ကားထွက်တော့မယ်ဆိုပြီးလောလိုက်တယ်။ အဲဒီအချိန်မှာ အိမ်နားကဆေးရုံကြီးက ဒေါင်…ဒေါင် ဆိုပြီး ၆နာရီထိုး သံချောင်းခေါက်သံကြားလိုက်ရတယ်။ ကောင်မလေးက ဟာ၆နာရီထိုးသွားပြီတဲ့။ ဒါပေမယ့် အဲဒါကိုမသိချင်ယောင်ဆောင်နေလိုက်တယ်။ ဒါပေမယ့် မရှေးမနှောင်းမှာပဲ ငယ်ငယ်အိမ်ပေါ် မတက်သေးဘူးလား။ ၆နာရီထိုးပြီ။နောက်ကျတဲ့သူဒုတ်ကောက်ခဲ့ ဆိုတဲ့ အမေ့အသံကိုကြားလိုက်ရတယ်။ ၆နာရီထိုးတာကို မသိချင်ယောင်ဆောင်နေတဲ့ ကောင်မလေးလဲကြာကြာမနေရဲတော့ဘူး။ ကားစီးပြီး ဘုရားစုံလဲ မဖူးလိုက်ရတော့ဘူး။ ဈေးသယ်ကို လဲ ပိုက်ဆံ မပေးအားတော့ဘူး။ ပိုက်ဆံအိတ်ကြီးကိုပြစ်ချပြီး အိမ်ဆီကိုပြေးတော့တယ်။ နောက်ကျတဲ့သူဒုတ်ကောက်ခဲ့ဆိုတာကိုး။ အိမ်ရှေ့မှာပြန့်ကြဲသွားတဲ့ ပိုက်ဆံအိတ်ကြီး ထဲက မြယာရွက်တွေ ကိုလဲမနှမျောနိုင်တော့ဘူး။ နောက်နေ့မှ ပြန်ခူးလဲရတယ်လေ။ ဒါပေမယ့် သူ့ထက်လျှင်တဲ့အစ်ကိုတွေအစ်မတွေကအိမ်ပေါ်ရောက်နေကြပါပြီ။ နောက်ကျတဲ့သူက ကောင်မလေး တစ်ယောက် ထဲပဲပေါ့။ ကောင်မလေး ဒုတ်မကောက်လိုက်ရပါဘူး။ အိမ်ပေါက်ဝမှာသူ့အမေကဒုတ်တစ်ချောင်းနဲ့။ အမေကစာဖတ်ချိန်ဆိုဘယ်တော့မှအချိန်မှန် အိမ်ပေါ်မရောက်ဘူး အဆော့ပဲမက်နေတယ် လာခဲ့ ဆိုပြီးဒုတ်က ကောင်မလေးရဲ့အရှေ့ကိုဝဲလာတယ်။ ……………………………………………
ဒုတ်ကကောင်မလေးချေထောက်ပေါ်ကိုမကျခင်မှာပဲ သူအိပ်မက်မက် နေရာကနေလန့်နိုးသွားခဲ့တယ်။ အိမ်မက်ထဲမှာ ငယ်ငယ်ကနေခဲ့တဲ့အိမ်ကလေး အမေ့အသံ၊ မောင်နှမတွေနဲ့ ဆော့ကစား ခဲ့ရတာလေးတွေပါတော့ အိပ်မက်ကလန့်နိုးသွားတာလေးကို နှမျောနေမိတယ်။ ပြန်အိပ်ဖို့ကြိုးစားရင်း ခုတော့လဲ ငါတစ်ယောက်ထဲပါလား၊အားလုံး တစ်ယောက်တစ်နေရာစီ သူ့ဘ၀နဲ့သူ လောကကြီးထဲမှာ ကြိုးစားရုန်းကန်နေကြရပြီ။ ငယ်တုံးကအချိန်လေးတွေ ကိုဘယ်တော့မှပြန်မရနိုင်တော့ ပါလားဆိုပြီးအတွေး တွေနဲ့အတူ မျက်ရည်တွေကျလာခဲ့တယ်။ ခုလိုတိတ်ဆက်အေးစက်နေတဲ့အခန်းလေးထဲမှာ တစ်ယောက်ထဲနေရမယ်လို့လဲဘယ်တုံးကမှမတွေးမိခဲ့ပါဘူး။ အဲဒီလို အိပ်မက်မျိုးမက် ရတာကြိုက်ပေမယ့် မမက်ချင်ပြန်ဘူး။
အရင်တုံးကအမေနဲ့တူတူအိပ်ရင် အမေရဲ့ဟောက်သံကြောင့်အိပ်မရဖြစ်ဖူးတယ်။ အဲဒီတုံးကတော့ အမေ့ကို အမေကအရမ်းဟောက်တာပဲ။ တစ်ခါတစ်လေငယ်တောင်အိပ်လို့မရဘူးလို့ပြောမိတယ်။ ခုတော့ အဲဒီဟောက်သံကို ပြန်တမ်းတမိတယ်။
အခုတော့ မိုးတွေချုန်းလို့ရှိရင်လဲ တစ်ယောက်ထဲ အခန်းလေး ထဲမှာထိုင်ကုတ်ပြီးငိုခဲ့ရတယ်။ အရင်တုံးက ညဘက်မိုးတွေတအားချုန်းလို့ရှိရင် တစ်ယောက်ထဲလန့်နိုးလို့ရှိရင် အနားကအမေကိုလဲနိုးစေချင်တော့ အမေ့ချေထောက်တွေထဲကို ကိုယ့်ချေထောက်အတင်းထိုးထည့်လိုက်တယ်။ အမေ ကမိုးချုန်းတာကိုမကြားလိုက်ပေမယ့် ကိုယ်ချမ်းနေတယ်ထင်ပြီး ကိုယ့်ခြေထောက်ကို သူ့ ခြေထောက်တွေနဲ့ဖိပေးထားလိုက်တယ်။ ကိုယ်ကတော့ အမေနိုးသွားတာကို သိလိုက်ပြီး စိတ်ထဲမှာ ငါ တစ် ယောက် ထဲ နိုး နေတာ မဟုတ်ဘူး ဆိုပြီး စိတ် ချသွား တယ်။ နိုးနေ ပေမယ့် အိပ် ချင်ယောင် ဆက် ဆောင် နေ လိုက် တယ်။ မိုးတွေ ချုန်းတာ လဲ မကြောက်တော့ဘူး။ အမေကနိုးနေပြီကိုး။

No comments:
Post a Comment