Thursday, June 14, 2007

14 June 2007

ဒီနေ့ ကွန်ပျူတာ အသစ်တစ်လုံးကို အင်တာနက်ကနေ၀ယ်ခဲ့တာ post office ကနေdelivery လာပေးတယ်။ ၁၅ ရက်နေ့မှ ရမယ်ထင်လို့ ပိုက်ဆံကိုအဆင်သင့်လုပ်မထားမိဘူး။ delivery လာမယ်လို့လဲမထင်တော့ မနက် ၁၁ နာရီလောက်မှာ ကျောင်းသွားဖို့ပြင်ဆင် နေတယ်။ စက်ဘီးသော့ပျောက်လို့ရှာနေတုံး intercon ကနေ yoobinkyooku desu ဆိုပြီးကြားလိုက်ရတော့ လူလဲထိပ်ထိပ်ပြာပြာဖြစ်သွားတယ်။ လက်ထဲမှာပိုက်ဆံကအဆင်သင့် မဖြစ်သေးဘူးလေ။ ယန်း၁သိန်းပဲရှိတော့ ကျန်တဲ့ ၃ သောင်းကိုအဆောင်ရှေ့က lawson မှာသွားထုတ်လို့ရပေမယ့် ပို့တဲ့သူကအခန်းရှေ့ကိုရောက်နေပြီ။ သူငယ်ချင်းဆီဖုန်းဆက်ကြည့်တော့လည်း အဆင်မပြေ။ ဒါနဲ့ အခန်းပြင်ထွက်ပြီး ခုပိုက်ဆံလိုနေလို့ နဲနဲများစောင့်နိုင်မလားလို့ တောင်းပန်ကြည့်တော့ အဆင်ပြေပြေပါပဲ ခုမရှိလဲ ခဏနေပြန်လာပို့ပေးမယ်၊ နေ့လည် ၂ နာရီဆို အဆင်ပြေမလားဆိုပြီးမေးတော့ ၀မ်းသာအားရကျေးဇူးတင်မိတယ်။ ကိုယ့်ကို အပြစ်တင်စကားတခွန်းမပြောပဲ အဆင်ပြေအောင်စီစဉ်ပေးတတ်တဲ့ ဂျပန်လူမျိုး ၀န်ထမ်းတွေရဲ့ အကျင့်စရိုက်ကအတုယူစရာပါပဲ။ ကိုယ်တို့ဆီမှာကဒီလိုမျိုးမရှိဘူးလေ။ အပြစ်တင်စကားအရင်ကြားရမှာသေချာပါတယ်။ စိတ်ရှည်ခြင်း။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်တတ်ခြင်း။ တာဝန်သိခြင်း.....စတာတွေကဂျပန်လူမျိုး ၀န်ထမ်းတွေရဲ့စရိုက်ပါပဲ။

No comments: