ဂျပန်နိုင်ငံကိုပညာသင်လာရတာဟာကျွန်မအတွက်နိုင်ငံခြားသွားရတဲ့ပထမဦးဆုံးအတွေ့အကြုံပါပဲ။
စာမေးပွဲအဆင့်ဆင့်ဖြေဆိုအောင်မြင်ပြီး ဂျပန်နိုင်ငံကိုသွားရတော့မယ်ဆိုတော့ တော်တော်လေးစိတ်လှုပ်ရှားမိပါတယ်။ တခြားနိုင်ငံမှာ ဘယ်လိုလူမျိုးတွေရှိပါလိမ့်လို့အမြဲတွေးမိနေတာ ခုတော့သိရတော့မယ်ဆိုပြီး ပျော်လဲပျော်၊ စိတ်ပူပန်မှုတွေရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံကိုရောက်ဖူးသူတွေ၊ သိတဲ့သူတွေဆီမှာ မေးမြန်းရတာလဲ အမောပါပဲ။ ဂျပန် နိုင်ငံမြေပုံကြီး ကိုင်ပြီး ကိုနေရမယ့် မြို့ကို မှန်းဆကြည့်ရ ဘယ်တွေလိုက်လည်လို့ရလဲဆိုပြီး သိတဲ့သူတွေကိုမေးရတာလဲအမောပါပဲ။ ဒါပေမယ့် တကယ် သွားရတော့မယ် ပြင်ဆင်ရတော့မယ်ဆိုတော့ ဘာထည့်လို့ ဘာယူရမယ်ဆိုတာမသိတော့ပါဘူး။ ရောက်ဖူးတဲ့သူတွေကိုမေးတာကလဲ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကရောက်ဖူးတဲ့သူဆိုတော့ ခုလက်ရှိ ဘာဖြစ်နေတယ် ကုန်ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာသေသေချာချာမသိတော့ပါဘူး။ ကိုယ်နဲ့တူတူသွားမယ့်သူတွေကိုပဲ လိုက်မေးနေရတော့တာပေါ့။ သူတို့တွေက အဆက်အသွယ်တွေရှိတော့ သူတို့တက်ရမယ့် ကျောင်းမှာရှိတဲ့ အသိတွေဆီ email ပို့ ပြီး ယူလာဝယ်လာသင့်တဲ့ ပစ်စည်းတွေကို မေးမြန်းလို့ ရတာပေါ့၊ ကိုယ်ကလဲသိချင်တော့သူ တို့ email လေးတွေကို copy တောင်းကူး ဖတ်ရတယ်။ အဲဒီ copy စာရွက်လေးကိုင်ပြီး လိုအပ်တဲ့ပစ်စည်းလေးတွေ လိုက်ဝယ်ရတယ်။
luggage က ကီလို၂၀ လောက်ပဲထည့်ပါဆိုပေမယ့် ဘာတွေမှန်းမသိထည့်လိုက်တာကီလို ၃၀ နားနီးသွားပါတယ်။ hand carry ကလည်း ၁၇ ကီလို လောက်ရှိနေပါတယ်။ ကျောပိုးအိတ် အကြီးတစ်ခုကလဲပါသေးတယ်။
အဲဒီပစ်စည်း ၄ ခုနဲ့လေဆိပ်ကို 30 June 2005 ညနေ ၄း၃၀ လောက်မှာသွားခဲ့တယ်။ လေဆိပ်ရောက်တော့ ကိုယ်တစ်ယောက်ထည်းပစ်စည်းတွေများတာမဟုတ်ပဲ အားလုံးမှာလဲဒီအတိုင်းပါပဲ။ ပစ်စည်းချိန်ကောင်တာ ဖွင့်ဖွင့်ချင်းသွားဆိုလို့ ကောင်တာဖွင့်တာနဲ့သွားချိန်လိုက်ပါတယ်။ ပြသနာကအဲဒီမှာစတော့တာပါပဲ။ hand carry ကိုချိန်စရာမလိုပေမယ့် သူတို့ရှေ့မှာယူသွားတော့ ချိန်ကြည့်မယ်ဆိုပြီးချိန်လိုက်တာ ၁၇ ကီလိုဆိုတော့ မရဘူးပစ်စည်းတွေပြန်ရှော့ပါဆိုပြီးပြောပါတော့တယ်။ သူတို့ရှေ့မှာပဲရှော့ဆိုတော့ ပစ်စည်းတွေထုပ်ပြီး ထပ်ချန်ပါတယ်။ ၁၅ကီလိုကနေရှော့လို့မရဘူးဖြစ်နေတယ်။ ပစ်စည်းအားလုံးကလဲလိုအပ်မယ်ထင်လို့ထည့်ထားတာဆိုတော့ မရှော့ချင်ပါဘူး။ စိတ်တွေလဲပူထူကုန်ပြီးဘာပစ်စည်းထုပ်လို့ထုပ်ရမှန်းမသိတော့ပါဘူး။ အဲဒီအချိန်မှာပဲအယောင်ယောင်အမှားမှားနဲ့ hand carry lock key ကို reset ပြန်လုပ်မိသွားတာသတိမထားမိလိုက်ပါဘူး။ ထပ်ရှော့ဦး လို့ပြောတော့ lock ကျနေတာမို့ လို့ပြန်ဖွင့်တာ ဖွင့်လို့မရတော့ပါဘူး။ key ပြောင်းသွားတာကြောင့် ဖွင့်လို့မရတာဖြစ်ပါတယ်။ hand carry ကြီးကိုင်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပါဘူး။ ဒီ hand carry ထဲကပစ်စည်းတွေမရှော့ပေးရင်နိုင်ငံခြားမသွားရတော့ဘူးထင်ပြီးငိုချင်စိတ်ပေါက်နေပါပြီ။ သူငယ်ချင်းတွေကိုကြည့်တော့ ကိုယ့်လိုပဲပြန်ရှော့တဲ့လူနဲ့၊ ပေါင်ပိုပေးလိုက်တဲ့သူနဲ့ သူတို့မှာလဲရှုပ်ရှက်ခတ်နေပါတယ်။ လိုက်ပို့ပေးတဲ့အမေ၊အမ၊ခဲအို တို့ကလဲဘာလုပ်ပေးရမှန်းမသိဖြစ်ကုန်ပါတယ်။ ဒါနဲ့တာဝန်ကျတဲ့သူတစ်ယောက်ယောက်ကိုမေးပြီး ပလာယာ၊၀က်အူလှည့် တစ်ခုခုတောင်းပြီး သာ့ဖျက်မယ်လို့လုပ်ကြပါတယ်။ Lock ကျ နေတုန်းကတော့အမေကမေးပါတယ်။ ဘာဖြစ်လို့လဲဆိုပြီး၊ lock ဖွင့်လို့မရလို့ဆိုတော့အမေက နင်တို့သော့ခလောက် ကလဲ ငါလဲမကိုင်တတ်ဖူး ဆိုပြီး ပြောပြီး တစ်ယောက်ယောက်ဆီမှာ သော့ဖျက်ဖို့အကူ အညီ တောင်းရင်ကောင်းမလားဆိုပြီးအကြံပေးပါတယ်။ ခဲအိုကအကူအညီတောင့်းဖို့ လိုက်ရှာနေချိန်မှာ အမေက နင်တို့သော့တွေကလဲဟယ် ထူးထူးဆန်းဆန်းတွေ ဘယ်လိုဖြစ်သွားတာလဲလို့မေးတော့ သော့ကို lock လုပ်ပုံကိုအမေ့ကိုပြောပြနေပါတယ်။ ဂဏန်း၃ လုံးပါတဲ့ key ကို ပြောင်းဖို့ ဆိုတာတော်တော်လှည့်ယူရမှာပါ။ ဘယ်ဂဏန်း ၃ လုံးကို set လုပ်မှန်းလဲမသိတော့ သော့ကိုဖျက်မှပဲရတော့မှာပေါ့၊ ဒါနဲ့အမေက ငါ လှည့်ကြည့်ဦး မယ်ဆိုပြီး ဂဏန်းလေးတွေကိုလှည့်ကြည့်နေပါတယ်။ key ကို ၂၀၉ လို့မွေးရက်မွေးလကိုပေးထားတာပါ။ ခဏနေတော့အမေကသော့ပွင့်သွားပြီလို့ပြောတော့ဝမ်းသာအားရအမေဘယ်လိုဖွင့်လဲလို့မေးလိုက်ပါတယ်။ အမေကမသိဘူးလေ နင်ကဂဏန်းလေးတွေလှည့်ဆိုလို့ ငါလဲလှည့်ကြည့်လိုက်တာလို့ပြောပါတယ်။ ၃၇၉ ဂဏန်းနဲ့ lock ပွင့်သွားတာပါ။ ၀မ်းသာလိုက်တာ ပြောမပြတတ်အောင်ပါပဲ။ ဒါနဲ့ ပစ်စည်း တွေထုပ်လိုက်တော့ မယ်လုပ်တော့ ဘေးကလူတစ်ယောက်က သွားချိန်မနေနဲ့တော့ လို့ပြောပါတယ်။ ဘာမှမဖြစ်ပါဘူးဆိုတော့ ပြန်မချိန်ပဲနေလိုက်ပါတယ်။ immigration နဲ့ custom counter ကိုဖြတ်ပြီး lobbyမှာထိုင်ရတော့မှပဲသက်ပြင်းချနိုင် ပြုံးနိုင်ပါတော့တယ်။

No comments:
Post a Comment