28 June 29, 2007 က Japan immigration ကို visa extension ကိတ်စအတွက်သွားခဲ့တယ်။ visa က ၂ နှစ်ပဲရတော့ ကျန်တဲ့ ၂လ အတွက် extension ထပ်လုပ်ရတယ်။ လျှောက်ထားတာ ၁ လလောက်တော့ကြာတယ်။ form ဖြည့်ခဲ့ပြီးတော့ တင်ထားခဲ့ရတယ်။ postcard ပေါ်မှာလိပ်စာရေးပေးခဲ့ပြီး အားလုံးပြီးရင် အဲဒီ card လေးနဲ့စာတိုက်ကနေလှမ်းအကြောင်းကြားတယ်။ post card လေးရတော့ card ပေါ်မှာ ၄၀၀၀ ယန်းတန် တံဆိပ်ခေါင်းဝယ်ရမယ်လိုရေးထားပေးတယ်။ expire date ပါရေးထားပြီး အဲဒီရက်အတွင်းမှာ သွားရတယ်။ မနက်စောစော ၈ နာရီ ခွဲလောက်မှာအိမ်ကထွက် ပြီး သူငယ်ချင်းနဲ့ otsu မှာရှိတဲ့ immigration ကိုသွားခဲ့ကြတယ်။ အနီးဆုံး Minami Kusatsu ဘူတာကိုစက်ဘီးနဲ့သွားပြီး အဲဒီဘူတာကနေ ရထားစီးရတယ်။ Minami Kusatsu, Seta, Ishiyama, ZeZe, Otsu ဘူတာအစဉ်လိုက် local ရထားကရပ်တယ်။ တစ်ခါတစ်လေ Seta ဘူတာကနေ စီးတယ်။ ခုတော့ immigration ကနေ city hall ကိုဆက်သွားမှာဆိုတော့ Minami Kusatsu ဘူတာကနေသွားဖို့ဆုံးဖြတ်ခဲ့တယ်။ ဘူတာစဉ်က otsu, zeze, ishiyama, seta, minami kusatsu, kusatsu ဆိုပြီးရှိတယ်။ minami Kusatsu ကနေ otsu ကိုအရင်သွား ပြီးရင်ပြန်လာ minami Kusatsu ဘူတာကနေ kusatsu မှာရှိတဲ့ city hall ကိုစက်ဘီးနဲ့သွားဖို့စီစဉ်ထားတာကိုး။ Otsu ကိုရောက်တော့ စာတိုက်မှာ ယန်း၄၀၀၀ တန်တံဆိပ်ခေါင်းသွားဝယ်ပြီးမှ immigration ကိုသွားပြီး passport နဲ့တံဆိပ်ခေါင်းပေးလိုက်တယ်။ ၁၅ မိနစ်လောက်စောင့်ပြီး visa extension တစ်နှစ်တိုးပေးတဲ့ တံဆိပ်တုံး လေးထုထားတဲ့ passport ကိုပြန်ရတယ်။ မနက်အစောကြီးစားတဲ့အကျင့်မရှိတော့လို့ပေါင်မုန့်+ဖွယ်တယ်တယ် ဂျပန်ဝက်အူချောင်း နဲ့ ကိုကိုးတစ်ခွက်သောက်ပြီးထွက်လာတော့ ဗိုက်နဲနဲဆာလာတယ်။ ဒါပေမယ့် city hall ကိုဆက်သွားကြတယ်။ city hall ရောက်တော့ ဘယ်ကောင်တာသွားရမှန်းမသိတာနဲ့ အနီးဆုံးကောင်တာ ၈ ကိုသွားလိုက်တယ်။ ဂျပန်စကားမတောက်တခေါက်နဲ့ မေးစမ်းကြည့်ပြီး ၀န်ထမ်းအမျိုးသမီးက ဒီကောင်တာမဟုတ်ကြောင်းနဲ့ကောင်တာ ၅ ကိုသွားဖို့ပြောပြီး ကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ ကောင်တာ၅ မှာ လူမရှိလို့ခေါ်ပေးတယ်။ ကောင်တာ ၅ က၀န်ထမ်းက passport နဲ့ alien registration card ကိုယူပြီး card ကို update လုပ်ပေးပါတယ်။ ခဏစောင့်ပြီး ပြီးသွားပါတယ်။
ခဏစောင့်နေစဉ်အချိန်မှာ ခုံမှာထိုင်ရင်းစဉ်းစားမိပါတယ်။ city hall ကြီးထဲမှာ ၀န်ထမ်းတွေအများကြီးပါ။ city hall အောက်ထပ်တစ်ခုထဲမှာပဲ ၀န်ထမ်း ၁၅၀၊၂၀၀ လောက်ရှိတာပါ။ ဒါပေမယ့် အားလုံးဟာစကားပြောရင် ညင်ညင်သာသာပြောကြပါတယ်။ ရုံးထဲမှာဆူဆူညံညံမကြားရပါဘူး။ သူငယ်ချင်းကိုတောင်ပြောမိပါတယ်။ တရားထိုင်လို့ရအောင်ကိုတတ်ဆိတ် အေးချမ်းတယ်နော်လို့။ ၀န်ထမ်းတွေရဲ့မျက်နှာမှာလောဘဒေါသမောဟတွေမတွေ့ရပါဘူး။ နားမလည်ဘူးဆိုရင်လည်း ရှည်လျှားစွာမညိုမညင်ရှင်းပြတတ်ပါတယ်။ အဲလိုရှင်းပြလွန်းလို့တစ်ခါတစ်လေမေးရမှာတောင်ကြောက်ပါတယ်။ သူတို့ကစေတနာလွန်ပြီးရှင်းပြ ကိုယ်ကနားမလည် သူလဲစိတ်ညစ် ကိုယ်လဲအားနာ ခဏခဏကြုံရပါတယ်။
ဝန်ထမ်းအားလုံးဟာမပြုံးနေရင်တောင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပြော ဆိုနေကြပါတယ်။ city hall ကိုလာတဲ့ပြည်သူတွေကို ဟိန်းဟောက်ပြောဆိုတာ စူဆောင့်တာမတွေ့ဖူးပါဘူး။
ကျွန်မဟာရုံးတွေကိုသွားရမှာ တော်တော်စိတ်ညစ်ပါတယ်။ ကိုယ့်ကို အော်ငေါက်မှာလည်းတော်တော်ကြောက်တတ်ပါတယ်။ ခုဒီဂျပန်နိုင်ငံမှာ လိုမျိုးများ ဖြစ်ရင် ဘယ်ရုံးသွားသွားကြောက်တော့မှာမဟုတ်ပါဘူး။ အဲဒီလိုဆိုဘယ်လောက်ကောင်းလိုက်မလဲလို့ပဲတွေးမိပါတယ်။