ဒီနေ့မနက်စောစော..အမအိမ်ကနေအဆောင်ကို..Taxi
စီးပြီ်းပြန်လာတယ်..ရန်ကုန်တက္ကသိုလ် မိန်းဂိတ်ဝကိုရောက်တော့ ရှေ့က Taxi
တစီးကတက္ကသိုလ်ထဲဝင်ဖို့ဂိတ်စောင့်နဲ့စကားပြောနေတော့..နောက်ကနေ၀င်ရပ်စောင့်တယ်။
ရှေ့ကားကိုစကားပြောပီး ၀င်ဖို့အချက်ပြတာကိုတွေ့လိုက်တယ်။ နောက်တော့
ဂိတ်စောင့်လုံခြုံရေးကကားနားကိုကပ်လာပီး Taxi ၀င်ခွင့်မပေးကြောင်းပြောတယ်။
ဒါနဲ့ဘာလို့ရှေ့ကကားကိုပေးဝင်လဲဆိုတော့ ကားပေါ်မှာဆရာမပါတယ်တဲ့။
ကျွန်မလဲဆရာမပဲလေဆိုတော့ ဆရာမကအဆောင်သွားမှာ
အင်းယားလမ်းပေါက်အဆောင်ရှေ့ကသွားဝင်ပါတဲ့။ Taxi
တွေပေးမ၀င်ရဘူးလို့အမိန့်ထုတ်ထားတယ်တဲ့။
အင်းယားလမ်းအပေါက်ကလဲအဆောင်မှုးကလုံခြုံရေးအရလို့ပြောပီး
အသုံးပြုခွင့်မပေးတာတော်တော့်ကိုကြာနေပါပီ။
ဟုတ်ပီ..အဲလိုအမိန့်ထုတ်ထားရဲ့သားနဲ့ဘယ်သူစီးလာတဲ့ Taxi ဖြစ်ဖြစ်ပေးမ၀င်နဲ့ပေါ့၊ သူများကိုပေးဝင်လျှင်င့ါလဲပေးဝင်ရမှာပေါ့လို့ပြောတော့..မှမြန်မြန်ဝင်ပြီးမြန်မြန်ပြန်ထွက်ပါတဲ့။
တခုခုများမှားနေသလားမသိဘူး၊ လုံခြုံရေးအရ Taxi ပေးမ၀င်တော့ မသမာသူတွေဟာနံပါတ်အနက်ကားတွေသုံးပြီး မလှုပ်ရှားနိုင်ဘူးလား၊ Taxi တွေဟာအဆင့်အတန်းမရှိဘူးလား..Taxi တွေဟာလုံခြုံရေးကိုထိခိုက်နေစေတယ်ဆိုရင် Taxi တွေကိုဘယ်လို control လုပ်မလဲ.. Taxi စီးသူတွေအတွက်ဘယ်လိုစဉ်းစား၇င် အကောင်းဆုံးဖြစ်မလဲ. နံပါတ်အနက်သုံးနိုင်တဲ့သူတွေအတွက်စဉ်းစားပေးရင်.Taxi စီး Bus ကားစီးလူတန်းစားအတွက်လဲစဉ်းစားပေးဖို့ကောင်းပါတယ်။

No comments:
Post a Comment