၃၁ ဂျူလိုင်လ ၂၀၀၇ အင်္ဂါနေ့
၂နှစ်လုံးလုံးကြိုးစား လာခဲ့တဲ့ သီးစစ်ကို အပြီးတင်လိုက်နိုင်ပါပြီ။ ဒါပေမယ့် စိတ်ထဲမှာဝမ်းသာမသွားခဲ့ပါဘူး။ ပျော်ရွှင်မှုကိုမျှဝေခံစားပေးနိုင်မဲ့သူတွေအနားမှာ တစ်ယောက်မှမရှိတာကိုတွေးပြီးတစ်ယောက်ထဲ ၀မ်းနဲနေမိတယ်။ အရင်ဘွဲ့တွေအတွက် သီးစစ်ပြီးလို့ရှိရင် အိမ်ကိုပြန် ပင်ပန်းတယ်အကြောင်းပြ ထမင်းဟင်းတောင်မချက်ပေးနိုင် အမေချက်ထားတာအဆင်သင့်စား၊ အမေနောက်တစ်ကောက်ကောက်လိုက်ပြီး စကားတွေပြော၊ ဒီနေ့ဘာဖြစ်ခဲ့တယ်၊ ဘယ်လိုကြိုးစားခဲ့တယ်၊ ဘယ်သူကဘာပြောတယ် မပြီးနိုင်မစီးနိုင် စကားတွေပြောတတ်ပါတယ်။ ပင်ပန်းပေမယ့်အိပ်လို့မရ စကားပြောစရာအမေ တစ်ယောက်ထဲရှိတော့ သူ့ကိုပဲနားညီးအောင်လိုက်ပြောတတ်ပါတယ်။
ခုတော့ အိမ်ပြန်လာတာတောင် ဆီးကြိုမယ့်သူမရှိ၊ တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ တစ်ယောက်ထဲထိုင်ပြီးယောင်ခြာခြာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ စိတ်ထဲမှာတော့ …အမေရေ ငယ်တော့ စာအုပ်တင်ခဲ့ပြီ၊ ပင်ပန်းလိုက်တာ၊ စာအုပ်ချုပ်တာလေ ငယ်ကိုယ်တိုင်ချုပ်ခဲ့ရတာ၊ ဖောက်စက်ကိုသုံးမတတ်လို့ အင်ဒိုနီးရှားသူငယ်ချင်းမနဲ့ စက်ကိုကိုင်ပြီးဟိုလှည့် ဒီလည့် ကြည့်ပြီး ခဏကြာမှဘယ်လိုသုံးလဲဆိုတာသဘောပေါက်ပြီး ၀မ်းသာအားရ စာအုပ်ချုပ်ကြတယ်။ ပင်ပန်းလို့ စာအုပ်တင်ပြီးပြီးချင်းအိမ်ပြန်လာတာ..ဗိုက်ဆာတယ်..အမေဘာချက်ထားလဲ….အဲဒီလိုစကားတွေ ပြောနေခဲ့ပါတယ်။ ခုတော့ အခန်းကကွန်ပြူတာကိုဖွင့် ဘာမှကြည့်ချင်စိတ်မရှိ တစ်ယောက်ထဲ ငိုင်တိုင်တိုင်…

2 comments:
ဝမ်းသာပါတယ် သက်ကလေးရယ်..
ကြိုးစားသမျှ အရာရောက်ပါတယ်။
ကွန်ကရက် ကျူလေးရှင်းပါနော်း)
ပညာတွေ ဒီထက် ဆထက်တန်ဖိုး တိုးတက်နိုင်ပါစေ
Thanks ပါမနိုင်း
Post a Comment