Tuesday, August 14, 2007

Firework festival in Biwako Lake (Otsu)

August လ ၈ ရက် နေ့က Otsu မြို့ ကလေးမှာ firework festival ကျင်းပခဲ့ပါတယ်။ အဲဒီ firework festival မှာလူတွေအားလုံးပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွဲကြပါတယ်။ လူတော်တော်များများဟာ ရိုးရာဝတ်စုံဝတ်ပြီး မီးပန်းဖောက်တာကို လာရောက်ကြည့်ရှုကြပါတယ်။ ချစ်သူစုံတွဲလေးတွေဟာ ရိုးရာဝတ်စုံလေးတွေဝတ် ပြီး လာရောက်ခံစားကြည့်ရှုကြပါတယ်။ ဂျပန်နိုင်ငံရဲ့အကြီးဆုံးရေကန်ဖြစ်တဲ့ Biwako ကန်ဘေးမှာကျင်းပတာဖြစ်ပါတယ်။ လူတွေဟာမီးပန်းဖောက်တာကိုကြည့်ရှုဖို့ အစောကြီးလာပြီး နေရာဦးကြရပါတယ်.။ ထိုင်ခုံနေရာစီစဉ်ထားပြီး တစ်နေရာ ၄၀၀၀ ယန်းနဲ့လဲ ၀ယ်ယူနိုင်ပါတယ်။ မီးပန်းပေါင်းတစ်သောင်းဖောက်ခဲ့တယ်လို့သိရှိရပါတယ်။

မီးပန်းဖောက်တာကိုလာရောက်ကြည့်ရှုနေသောစုံတွဲများ....


မီးပန်းတိုင်းမှာအဓိပါယ်တွေရှိပါတယ်တဲ့..



အဲဒီလိုကျိတ်ကျိတ်တိုးစီကားခဲ့ပါတယ်။

No comments: