24 ဇန်န၀ါရီလ 2008
သူငယ်ချင်းက ဘဏ်တစ်ခုကို ငွေသွင်းဖို့သွားမှာ အဖေါ်မရှိလို့လိုက်ပေးပါဆိုလို့လိုက် သွားပေးခဲ့ ပါတယ်။ ဘဏ်မှာလူတော့သိပ်မများပါဘူး။ ငွေသွင်းဖို့ ချလန်ဝယ်ပြီး ချလန်ကိုဖြည့်စွက်ခ ဆိုပြီး ၁၀၀၀ ကျပ်တောင်းပါတယ်။ ချလန်ကိုသူတို့ဖြည့်ပေးရတာမို့ (အမှန်တော့ကိုယ်တိုင်ဖြည့်လည်းရပါတယ်။ အ၀င်ဝမှာခုံချထားပြီး ၀န်ထမ်း သုံးလေးယောက်က ချလန်ဖြည့်ပေးနေတာမို့ အဲဒီမှာဖြည့်ရတယ်ထင်ပြီးသွားလိုက်လို့) ၁၀၀၀ ကျပ်ပေးလိုက်ပါတယ်။ ငွေသွင်းချလန်နဲ့တန်းစီထားပြီးနဲနဲစောင့်တော့သူငယ်ချင်း အလှည့်ရောက်လာ ပါတယ်။ သူ့ပိုက်ဆံထုပ်ကိုကိုင်ထားပေးရတော့ ကျွန်မလဲကောင်တာနား ကပ်လိုက်သွားပါတယ်။ ပိုက်ဆံကိုကောင်တာကစာရေးမကိုအပ်ပြီးသွားတော့ စာရေးမက ”မုန့်လေးကြွေးခဲ့ပါတဲ့”။ နှစ်ယောက်သား ဘာကိုဆိုလိုသလဲနားမလည်ပဲအူကြောင်ကြောင်ကြည့်နေမိနေတုန်းမှာ ဘေးကအထာပေါက်တဲ့ အမကြီး တစ်ယောက် ကမုန့်ဖိုးလေးထည့်လိုက်လေ..၀န်ထမ်းတွေကသနားပါတယ်တဲ့။ အဲဒါနဲ့ ပိုက်ဆံ ၁၀၀၀ ကျပ်ကိုအင်တင်တင်နဲ့ထည့်လိုက်ရပါတယ်။ ကောင်တာအပေါ်က ဆိုင်းဘုတ်ကြီး ကိုနှစ်ယောက်သား မော့ကြည့်ပြီး ပြုံးမိကြတယ်။ ဆိုင်းဘုတ်ကြီးမှာရေးထားတာက ”တံစိုးလက်ဆောင်ပေးခြင်းဖြင့်ဝန်ထမ်းများ ဧ။်အကျင့်စာရိတ်တကိုမဖျက်ဆီးပါနှင့်” တဲ့။ ပြီးတော့ ”မုန့်လေးကြွေးခဲ့ပါ” ဆိုတဲ့ဝေါဟာရ အသစ် ကလေးကိုသဘောကျစွာရေရွတ်ရင်း.........