Thursday, December 4, 2008

ချစ်သူသို့

မင်းကိုချစ်မိတဲ့အချစ်ဟာအမှားတစ်ခုဆိုရင်
အဲဒီအမှားကိုငါကြေနပ်စွာခံယူပါ့မယ်
အဲဒါမင်းကိုချစ်မိတဲ့အချစ်ဖြစ်နေလို့ပေါ့……….။
အခုငါရေးနေတဲ့ဒီစာကိုwebsite ပေါ်မှာမင်းမြင်နေရပေမယ့်
Keyboard ပေါ်ကငါ့ရဲ့မျက်ရည်တွေကိုမင်းမြင်နိုင်မှာမဟုတ်ဘူး……….။
မင်းမသိလဲကျေနပ်ပါတယ်ချစ်သူရယ်
မင်းပေးတဲ့အလွမ်းတွေရင်မှာပိုက်ရင်းတောင်းဆုတစ်ခုပြုမိတယ်
ငါသေသွားလို့ရှိရင်နတ်သမီးလေးဖြစ်ပြီးမင်းအနားမှာအမြဲတမ်းရှိနေပါရစေလို့………..။

အထီးကျန်ဘလော့လေး

အင်တာနက်ကသုံးရတစ်ချက်မရတစ်ချက်နဲ့ ကိုယ့်အလော့လေးကိုကြည့်ရုံသာကြည့်နိုင်တယ်။ ပိုစ်တစ်ခုတင်လို့ရလောက်အောင်အချိန်ကမရ၊ ကိုယ်တစ်ယောက်ထဲသုံးရတဲ့အင်တာနက်မဟုတ်တော့ တခြားသူတွေကိုလည်းအားနာ၊ အဲဒီလိုနဲ့ ဘလော့ရေးခြင်းနဲ့ဝေးကွာလာလိုက်တာ၊ ဂျပန်မှာနေတုံးက သုံးခဲ့ရတဲ့အင်တာနက်ကလေးကိုပဲပြန်ပြန်လွမ်းနေမိတယ်။ ဂျပန်မှာလိုမျိုး ကြိုးလိုင်းတယ်လီဖုန်းနဲ့ အင်တာနက်တပ်ဆင်ထားပြီးသားအိမ်ခန်းလေးတွေဒီမှာလဲရှိရင်၊ငှားနေနိုင်ရင် ဘယ်လောက်ကောင်းမလဲတွေးမိတယ်။ ဂျပန်မှာအင်တာနက်ဟာဇိမ်ခံပစ္စည်းမဟုတ်၊ သူဌေးတွေ၊လူကြီးတွေသာသုံးလို့ရတဲ့ဟာမဟုတ်ဘူး၊ အခြေခံလူတန်းစားတွေတောင်အင်တာနက်တို့ ဟန်းဖုန်းတို့ကိုတောင်လွယ်လွယ်ကူကူဝယ်သုံးနိုင်ကြတယ်။ အားကျတယ်။

Thursday, March 6, 2008

အသဲကွဲတမ်းချင်း

ပြန်လာခဲ့ပါတေ့ာကွယ်
ခေါင်းအုံးလေးလဲ မျက်ရည်စိုရွှဲ ညတိုင်းကိုယ်ငိုနေတာမကြည့်ရက်တော့ဘူးတဲ့..
မကြင်နာတဲ့သူ့အပြော၊ ရက်စက်တဲ့သူ့အပြုအမူကြောင့်
ရင်မှာကြေကွဲ
သူမုန်းတယ်လို့ပြောလာမယ့်ရက်ကိုရင်မဆိုင်ရဲဘူး။
သေခြင်းတရားဆိုတာလက်တစ်ကမ်းမှာရှိတယ်တဲ့
ကိုယ့်ဆီကိုဘာလို့စောစောရောက်မလာတာလဲ ရှင်သေမင်းရယ်
သူထားခဲ့တဲ့ဘဝမှာ
အလွမ်းတွေနဲ့မခံစားနိုင်တော့လို့
.........................
........................။

Friday, January 25, 2008

မုန့်လေးကြွေးခဲ့ပါ

24 ဇန္န၀ါရီလ 2008
သူငယ်ချင်းက ဘဏ်တစ်ခုကို ငွေသွင်းဖို့သွားမှာ အဖေါ်မရှိလို့လိုက်ပေးပါဆိုလို့လိုက် သွားပေးခဲ့ ပါတယ်။ ဘဏ်မှာလူတော့သိပ်မများပါဘူး။ ငွေသွင်းဖို့ ချလန်ဝယ်ပြီး ချလန်ကိုဖြည့်စွက်ခ ဆိုပြီး ၁၀၀၀ ကျပ်တောင်းပါတယ်။ ချလန်ကိုသူတို့ဖြည့်ပေးရတာမို့ (အမှန်တော့ကိုယ်တိုင်ဖြည့်လည်းရပါတယ်။ အ၀င်ဝမှာခုံချထားပြီး ၀န်ထမ်း သုံးလေးယောက်က ချလန်ဖြည့်ပေးနေတာမို့ အဲဒီမှာဖြည့်ရတယ်ထင်ပြီးသွားလိုက်လို့) ၁၀၀၀ ကျပ်ပေးလိုက်ပါတယ်။ ငွေသွင်းချလန်နဲ့တန်းစီထားပြီးနဲနဲစောင့်တော့သူငယ်ချင်း အလှည့်ရောက်လာ ပါတယ်။ သူ့ပိုက်ဆံထုပ်ကိုကိုင်ထားပေးရတော့ ကျွန်မလဲကောင်တာနား ကပ်လိုက်သွားပါတယ်။ ပိုက်ဆံကိုကောင်တာကစာရေးမကိုအပ်ပြီးသွားတော့ စာရေးမက ”မုန့်လေးကြွေးခဲ့ပါတဲ့”။ နှစ်ယောက်သား ဘာကိုဆိုလိုသလဲနားမလည်ပဲအူကြောင်ကြောင်ကြည့်နေမိနေတုန်းမှာ ဘေးကအထာပေါက်တဲ့ အမကြီး တစ်ယောက် ကမုန့်ဖိုးလေးထည့်လိုက်လေ..၀န်ထမ်းတွေကသနားပါတယ်တဲ့။ အဲဒါနဲ့ ပိုက်ဆံ ၁၀၀၀ ကျပ်ကိုအင်တင်တင်နဲ့ထည့်လိုက်ရပါတယ်။ ကောင်တာအပေါ်က ဆိုင်းဘုတ်ကြီး ကိုနှစ်ယောက်သား မော့ကြည့်ပြီး ပြုံးမိကြတယ်။ ဆိုင်းဘုတ်ကြီးမှာရေးထားတာက ”တံစိုးလက်ဆောင်ပေးခြင်းဖြင့်ဝန်ထမ်းများ ဧ။်အကျင့်စာရိတ်တကိုမဖျက်ဆီးပါနှင့်” တဲ့။ ပြီးတော့ ”မုန့်လေးကြွေးခဲ့ပါ” ဆိုတဲ့ဝေါဟာရ အသစ် ကလေးကိုသဘောကျစွာရေရွတ်ရင်း.........

Wednesday, January 16, 2008

ငါ


ငါ

ငါဟာ

သေမိန့်ကျနေတဲ့တရားခံတယောက်လို

တုန်လှုပ်ခြောက်ခြားမှုအပြည့်နှင့်

နေ့ညများစွာကိုခက်ခက်ခဲခဲဖြတ်ကျော်နေရတယ်။

ငါ့နှလုံးသားကိုကြိုးမိန့်ပေးနိုင်သူတစ်ယောက်ကို

ချစ်ခဲ့မိလို့ပေါ့။


(website တစ်ခုထဲကဖတ်ပြီးမှတ်မိနေတဲ့ကဗျာလေးတစ်ပုဒ်ပါ)

Tuesday, January 1, 2008

Love and Hate

အချစ်နဲ့အမုန်း

ချစ်တယ် ကြိုက်တယ်
ဆိုပေတယ်လို့
သေအောင်ပင်ဆုတောင်း
ကြောင်းဆုံမှပေါင်း။

မုန်းတယ် မုန်းတယ်
ဆိုပေတယ်လို့
သေအောင်ပင်ကျိန်ဆဲ
ကြောင်းဆုံမှကွဲ။
(ရှေးရိုးစဉ်လာ)

Love and Hate

I love you, I care for you
However we say
and pray till we die,
only when we are distined to be so
shall we be united in wedlock.

I hate you, I do hate you,
however we say
and curse till we die,
only when we are fated so
shall we be separated.
(Traditional)
translated by U Thar Noe

(ဦးသန်းထွတ် -ကျွန်ုပ်နှစ်သက်သောကဗျာများစာအုပ်မှ)