Sunday, August 26, 2007

Woman is like a world

The woman is like a world

At 20 years she is like Africa
Semi explored

At 30 years she is like India
Warm, mature and mysterous

At 40 years she is like America
Technically perfact

At 50 years she is like Europe
All in ruine

At 60 years she is like Siberia
Everyone knows where it is
But…no one wants to go


လူထုဦးစိန်ဝင်း(လူငယ်နှင့်အချစ်)စာအုပ်မှ

Man is like a train

The man is like the train

At 20 years he is like a local
It stop at every station

At 30 years he is like a special
It stop only at the large town

At 40 yeas he is like a express
It stop at the big cities only

At 50 years he is like an old locomotive
It stop often to water

At 60 years he doesn’t leave anymore
It remains…in the yard

လူထုဦးစိန်ဝင်း(လူငယ်နှင့်အချစ်)စာအုပ်မှ

Tuesday, August 14, 2007

Amazing Cake Art


ကားတာယာကြီးလား...
မဟုတ်ပါဘူး..ကိတ်မုန့်ကြီးပါတဲ့...ကဲ..စားချင်ကြသေးလား.
ကိုယ်ကတော့ ဒိုးနတ်ကြီးလို့ပဲမြင်လိုက်တယ်....ချောကလက်ဒိုးနတ်...းD

Firework festival in Biwako Lake (Otsu)

August လ ၈ ရက် နေ့က Otsu မြို့ ကလေးမှာ firework festival ကျင်းပခဲ့ပါတယ်။ အဲဒီ firework festival မှာလူတွေအားလုံးပျော်ပျော်ရွင်ရွင်ပါဝင်ဆင်နွဲကြပါတယ်။ လူတော်တော်များများဟာ ရိုးရာဝတ်စုံဝတ်ပြီး မီးပန်းဖောက်တာကို လာရောက်ကြည့်ရှုကြပါတယ်။ ချစ်သူစုံတွဲလေးတွေဟာ ရိုးရာဝတ်စုံလေးတွေဝတ် ပြီး လာရောက်ခံစားကြည့်ရှုကြပါတယ်။ ဂျပန်နိုင်ငံရဲ့အကြီးဆုံးရေကန်ဖြစ်တဲ့ Biwako ကန်ဘေးမှာကျင်းပတာဖြစ်ပါတယ်။ လူတွေဟာမီးပန်းဖောက်တာကိုကြည့်ရှုဖို့ အစောကြီးလာပြီး နေရာဦးကြရပါတယ်.။ ထိုင်ခုံနေရာစီစဉ်ထားပြီး တစ်နေရာ ၄၀၀၀ ယန်းနဲ့လဲ ၀ယ်ယူနိုင်ပါတယ်။ မီးပန်းပေါင်းတစ်သောင်းဖောက်ခဲ့တယ်လို့သိရှိရပါတယ်။

မီးပန်းဖောက်တာကိုလာရောက်ကြည့်ရှုနေသောစုံတွဲများ....


မီးပန်းတိုင်းမှာအဓိပါယ်တွေရှိပါတယ်တဲ့..



အဲဒီလိုကျိတ်ကျိတ်တိုးစီကားခဲ့ပါတယ်။

Saturday, August 11, 2007

Amazing Cake Art


မသိရင်တကယ်အပ်ချုပ်စက်လို့ထင်ချင်စရာပါပဲ..အချုပ်အလုပ်ဝါသနာပါတဲ့သူကို လက်ဆောင်ကိတ်မုန့်လေးပေးလို့ရတာပေါ့...ဒီကိတ်မုန့်မှာပါတဲ့အစိတ်အပိုင်းအားလုံးဟာစားလို့ရပါတယ်တဲ့...စားတောင်မစားရက်ပဲအလှပဲကြည့်နေချင်တော့တယ်...

Wednesday, August 1, 2007

mildstone

၃၁ ဂျူလိုင်လ ၂၀၀၇ အင်္ဂါနေ့

၂နှစ်လုံးလုံးကြိုးစား လာခဲ့တဲ့ သီးစစ်ကို အပြီးတင်လိုက်နိုင်ပါပြီ။ ဒါပေမယ့် စိတ်ထဲမှာဝမ်းသာမသွားခဲ့ပါဘူး။ ပျော်ရွှင်မှုကိုမျှဝေခံစားပေးနိုင်မဲ့သူတွေအနားမှာ တစ်ယောက်မှမရှိတာကိုတွေးပြီးတစ်ယောက်ထဲ ၀မ်းနဲနေမိတယ်။ အရင်ဘွဲ့တွေအတွက် သီးစစ်ပြီးလို့ရှိရင် အိမ်ကိုပြန် ပင်ပန်းတယ်အကြောင်းပြ ထမင်းဟင်းတောင်မချက်ပေးနိုင် အမေချက်ထားတာအဆင်သင့်စား၊ အမေနောက်တစ်ကောက်ကောက်လိုက်ပြီး စကားတွေပြော၊ ဒီနေ့ဘာဖြစ်ခဲ့တယ်၊ ဘယ်လိုကြိုးစားခဲ့တယ်၊ ဘယ်သူကဘာပြောတယ် မပြီးနိုင်မစီးနိုင် စကားတွေပြောတတ်ပါတယ်။ ပင်ပန်းပေမယ့်အိပ်လို့မရ စကားပြောစရာအမေ တစ်ယောက်ထဲရှိတော့ သူ့ကိုပဲနားညီးအောင်လိုက်ပြောတတ်ပါတယ်။
ခုတော့ အိမ်ပြန်လာတာတောင် ဆီးကြိုမယ့်သူမရှိ၊ တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ တစ်ယောက်ထဲထိုင်ပြီးယောင်ခြာခြာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ စိတ်ထဲမှာတော့ …အမေရေ ငယ်တော့ စာအုပ်တင်ခဲ့ပြီ၊ ပင်ပန်းလိုက်တာ၊ စာအုပ်ချုပ်တာလေ ငယ်ကိုယ်တိုင်ချုပ်ခဲ့ရတာ၊ ဖောက်စက်ကိုသုံးမတတ်လို့ အင်ဒိုနီးရှားသူငယ်ချင်းမနဲ့ စက်ကိုကိုင်ပြီးဟိုလှည့် ဒီလည့် ကြည့်ပြီး ခဏကြာမှဘယ်လိုသုံးလဲဆိုတာသဘောပေါက်ပြီး ၀မ်းသာအားရ စာအုပ်ချုပ်ကြတယ်။ ပင်ပန်းလို့ စာအုပ်တင်ပြီးပြီးချင်းအိမ်ပြန်လာတာ..ဗိုက်ဆာတယ်..အမေဘာချက်ထားလဲ….အဲဒီလိုစကားတွေ ပြောနေခဲ့ပါတယ်။ ခုတော့ အခန်းကကွန်ပြူတာကိုဖွင့် ဘာမှကြည့်ချင်စိတ်မရှိ တစ်ယောက်ထဲ ငိုင်တိုင်တိုင်…