Wednesday, February 11, 2009
ရန်ကုန်တက္ကသိုလ်ကျောင်းဆောင်တွေဆီသို့အမြန်ဆုံးရောက်နိုင်မည့်နည်းလမ်းသိရင်မစပါ..
၁၀ရက်ဖေဖေါ်ဝါရီလ ၂၀၀၉
ဒီနေ့သိပ်အစာမကြေဘူး။ အပြင်ကနေရန်ကုန်တက္ကသိုလ်ထဲကိုအမြန်ရောက်ချင်လို့တက္ကစီစီးလာတာ..ဘယ်အပေါက်ကမှဝင်လို့မရဘူး။ တက္ကစီးစီဖို့ပိုက်ဆံရှိရင်တောင် ကိုယ့်အတန်းကိုမှီအောင်မတက်နိုင်ဘူး..တက္ကသိုလ်ထဲတက္ကစီဝင်လို့မရတော့..ကိုယ့်အတန်းနဲ့အနီးဆုံးနေရာဝင်ပေါက်ကိုစဉ်းစားရတယ်။ အတန်းမှီချင်ရင်ဘာလို့စောစောစီးစီးမလာသလဲမေးစရာရှိပါသည်။ တက္ကစီစီးလျှင်၅မိနစ်လောက်နှင့်ရောက်နိုင်သည့်နေရာကို လမ်းလျှောက်ပြီး နာရီဝက်အကုန်မခံချင်။
ပထမရက်ကတော့ အီကိုမိန်းပေါက်လို့ခေါ်တဲ့.အင်းယားလမ်းပေါက်ကနေဝင်တယ်။ အဆင်ပြေစွာနဲ့အတန်းကို ၁၀မိနစ်နောက်ကျပီးရောက်တယ်။ အီကိုမှာလဲ ၂ပေါက်ဖွင့်ထားသည်။ အင်းယားဂိတ်ပေါက်နှင့် ပြည်လမ်းအပေါက်။ နောက်တော့..အီကိုကလဲဝင်လို့မရ…
မရလဲ..မာလာဆောင်မှတဆင့်..ပါမောက္ခတစ်ယောက်အိမ်ဖြတ်ပြီးဝင်နိုင်သည်ပေါ့…ဒီအကြံသိလို့လားမသိ…ပါမောက္ခကြီးအိမ်ဝင်း..ပိတ်။
OK .ဒီတခါမဝင်ရလဲ..ရတနာဆောင်ကဝင်မယ်ပေါ့။ တစ်ရက်ဝင်လို့ရတယ်။ ဝမ်းသာအားရအတန်းကို၅မိနစ်ပဲနောက်ကျတော့တယ်။ နောက်တရက်ဝင်ဖို့လုပ်တော့သော့ပိတ်ထားတယ်။ မဝင်ရ။
နောက်တစ်ဂိတ်စဉ်းစားတယ်။
ဂျပ်ဆင်ဂိတ်။ ဒါလဲ..မဝင်ရ။
နောက်…အမရဆောင်ဂိတ်(လှည်းတန်း)။ဒါလဲ..မဝင်ရ။
နောက်..ပုဂံလမ်းဂိတ်။ no permission။
အဓိပတိဂိတ်(မိန်းဂိတ်ကြီး) …တက္ကစီဝင်ဖို့ ဝေး… ကိုယ်ပိုင်ကား နှင့်လာသူများ..ပါမောက္ခကားများသာ အထင်ကြီးသောဂိတ်၊ ကားမပါလျှင်လမ်းလျှောက်။
ပညာရှင်များစုဝေးရာ၊ ပညာရှင်များမွေးထုတ်ပေးနေသောဤနေရာ.. အချိန်၏စက္ကန့်တိုင်းသည်ပညာရှင်များအတွက်တန်ဖိုးရှိသောအရာဖြစ်နေချိန်တွင်မည်သည့်အတွက်ကြောင့်သွားရေးလာရေးခက်အောင်လုပ်ထားပါသနည်း။ သုတေသန oriented တက္ကသိုလ်ဖြစ်ချင်သည်ဆိုပြီး ပညာရှင်များ၏အချိန်ကိုဖြုန်းနေသည်နှင့်မတူပါလော။
ပြဿနာကိုဖြေရှင်းချင်ရင်အပေါက်အားလုံးပိတ်ဟုမည်သူထွင်သွားပါသနည်း။ ပညာတတ်များအုပ်ချုပ်သောဤဝင်းအတွင်းတွင် best solution ကိုမရှာတတ်ပြီလော။
ရန်ကုန်တက္ကသိုလ်ရဲ့ကျောင်းဆောင်တွေထဲကို အမြန်ဆုံးနည်းနဲ့ အချိန်ကုန်သက်သာစွာရောက်ချင်ပါတယ်။ ဘယ်လိုသွားရမလဲအကြံလေးများရှိရင်ပေးပါလို့ပြောချင်ပါတယ်။

Friday, February 6, 2009
Change the website name
http.www.wbts.com.mm, one of the myanmar online education website, changes the website name to http.www.yuonline-wbts.com.
Thursday, January 1, 2009
Welcome 2009
ဒီနှစ် New Year ကိုကြိုဆိုဖို့အဆောင်မှာပွဲလေးတစ်ပွဲကျင်းပခဲ့တယ်...
သူငယ်ချင်းတွေစုပြီး အကင်စားကြ၊ ကာရာအိုကေဆိုကြတယ်...
မနှစ်ကလောက်တော့သူငယ်ချင်းတွေ မများတော့ဘူး..
ပြောင်းတဲ့လူကပြောင်းသွား...PhD thesis နဲ့အလုပ်ရှုပ်သူကရှုပ်...
ဒါပေမယ့် ပျော်ပျော်ပါးပါးပြီးသွားတယ်...
နှစ်သစ်မှာအားလုံးပျော်ရွှင်ပါစေ။

Subscribe to:
Posts (Atom)